နေပြည်တော်၊ အောက်တိုဘာလ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ဆက်ကပ်လှူဒါန်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာ၌ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (မုံရွာ)မှ ညွှန်ကြားရေးမှူး ဦးစိုးဦးနှင့် ဝန်ထမ်းများသည် မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက် ပဇ္ဇောတာရုံ ကျောင်းတိုက် ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများကို သွားရောက်ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
Post Paragraph
Paragraph Images