နယ်စပ်ရေးရာဝန်ကြီးဌာနက ဆိုလာစနစ်ဖြင့် စိုက်ပျိုး‌ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်

    နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီး ဌာနသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကိုင်ပန်လော့ကျေးရွာအုပ်စု၊ လွန်လိုင်း ကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါကျေးရွာရှိ တောင်သူများ၏ စိုက်ပျိုးမြေ ၁၀ ဧကအတွက် စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ပြီဖြစ်၍ သီးထပ်စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ပြီဖြစ်သောကြောင့် ယင်း စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းခွင်သို့ ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းကို ရေရှည်အကျိုး ရှိစွာ အသုံးပြုနိုင်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကျေးရွာထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
 

Post Paragraph