နယ်စပ်ရေးရာဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

 မော်လမြိုင်၊ နိုဝင်ဘာ ၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဆွမ်း၊ ကွမ်း အခက် အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့် ဝန်ထမ်းများသည် ယနေ့နံ နက်ပိုင်းတွင် မော်လမြိုင်မြို့ ဆင်ဖြူစာသင်တိုက် ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြား ဘာသာရေးကျောင်းများသို့လည်း ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph