နယ်စပ်ရေးရာဝန်ကြီးဌာနက ဟိုပုံးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ဆီ၊ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ သံဃာတော်များ ဆွမ်းဆန်‌တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။ 
    ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလွင်နှင့် ဝန်ထမ်းများသည် ဟိုပုံးမြို့ လုမ္ဗိနီကျောင်းတိုက်ရှိ ရဟန်းသာမဏေများအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
 

Post Paragraph