နယ်စပ်ရေးရာဝန်ကြီးဌာနက မိတ္ထီလာခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥများ ဆက်ကပ်လှူဒါန်း

      နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥများကို ဒေသအလိုက် ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျောင်းရွာအုပ်စု၊ ကျောင်းရွာကျေးရွာရှိ သဒ္ဓမ္မသုခကာရီကျောင်းတိုက်မှ သံဃာတော်များ၊ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။
 

Post Paragraph