နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာ‌‌ရေးကျောင်းသို့ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်း

နယ်စပ်‌‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ သီရိရတနာ ဘုန်းတော်ကြီးသင် မူလွန်ပညာရေးကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူများ အတွက် ကျောင်းဝတ်စုံ ဖြူ/စိမ်း အစုံ ၃၀၀ နှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၃၀၀ တို့ကို ပေးအပ်လှူဒါန်းသည်။
    နယ်စပ်‌ရေးရာဝန်ကြီးဌာန အနေဖြင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာ‌ရေး ကျောင်းများ၊ ပရဟိတကျောင်းများသို့ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည့်အပြင် လိုအပ်လျက်ရှိသည့် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
 

Post Paragraph