နယ်စပ်ရေးရာဝန်ကြီးဌာနက နန်းယွန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဧပြီ ၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်ရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဆက်ကပ်လှူဒါန်းကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေး ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
 

Post Paragraph