နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး‌ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

စစ်တွေ မတ် ၂၅
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်နှင့် ဝန်ထမ်းများသည် မတ် ၂၃ ရက် နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဝေသာလီအောက်မိုးကုတ်ကျောင်းနှင့် ဓမ္မစရိယတက္ကသိုလ်သို့ သွားရောက်ပြီး ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး‌ကျောင်းများတွင် ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဒေသအလိုက် ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
 

Post Paragraph