
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ နှင့်အခြားဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း ကျိုင်းတုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းထားပြီးဖြစ်ပြီး ယနေ့တွင်လည်း မက်မန်းမြို့နယ် ဥတ္တရာရုံကျောင်းတိုက်သို့ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ထပ်မံလှူဒါန်းခဲ့ကြကြောင်း သိရသည်။
Post Paragraph
Paragraph Images
