နယ်စပ်ရေးရာဝန်ကြီးဌာနက တနိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ များဆက်ကပ်လှူဒါန်း

တနိုင်း၊ နိုဝင်ဘာ ၂၂ 
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေး‌ကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။ 
    ထိုသို့လှူဒါန်းလျက်ရှိရာ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများက တနိုင်းမြို့ ဇေယျာသီရိ ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော် စုစုပေါင်း အပါး ၃၀ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Post Paragraph