နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

ဖေဖော်ဝါရီလ ၂၀  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူ များသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်တွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် Covid-19 ကပ်ရောဂါကြောင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတ ကျောင်းများသို့ လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် ဒေသအသီးသီးရှိ Covid-19 စင်တာများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
 

Post Paragraph