
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်း၊ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆက်ကပ်လှူဒါန်းလျက်ရှိရာတွင် ယနေ့နံနက်ပိုင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှသိန်းနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားခရိုင်၊ ကန်ဦးကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Post Paragraph
Paragraph Images

