နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက်
    ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် အတွင်းရှိ ဆွမ်း၊ ကွမ်း ခက်ခဲသည့်  ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
    ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြိတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင်နှင့် ဝန်ထမ်းများက မြိတ်မြို့နယ် ရှမ်းချောင်းကြီးရပ် မြို့ပတ်-၂လမ်း မြိတ်-လေးမိုင် ယဉ်ငေးရိပ်သာ ဘုန်းတော်ကြီးပညာသင်ကျောင်းသို့ ဆန် ငါးအိတ်၊ ဆီ ပိဿာ ၃၀၊ ကုလားပဲ ၈ ပိဿာ စသည့် လှူဒါန်း‌ထောက်ပံ့ပစ္စည်းများကို ကျောင်းထိုင်ဆရာတော်ထံသို့ ‌ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph