နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ် လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းလတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရေဖြူမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးခင်ဇော်နှင့် ရုံးဝန်ထမ်းများမှ ရေဖြူမြို့နယ်၊ ကရင်ရှင်ထဘီကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ ဆန် ၁၀ အိတ်၊ ဆီ ၁၂ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ စသည့် စားနပ်ရိက္ခာထောက်ပံ့ပစ္စည်းများအား သင်းအုပ်ဆရာမ နော်ဖောခူထံသို့ ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့လည်း ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။