နယ်စပ်ရေးရာဝန်ကြီးဌာနမှ စားနပ်ရိက္ခာထောက်ပံ့လှူဒါန်းခြင်း

ဖေဖော်ဝါရီ ၂၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်   တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ် လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းလတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက် ရှိပါသည်။ 
    ထိုသို့လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကရပ်ပြင်ရပ်ရှိ ရတနာမာန်အောင်သီလရှင်စာသင်တိုက်တွင် သီတင်းသုံးနေသော စာသင်သား သီလရှင် ၇၀ ပါးအတွက် ဆွမ်းဆန်တော် အခက်အခဲ မရှိစေရန် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးရန်လင်းအောင်နှင့်ရုံးဝန်ထမ်းများမှ ဆွမ်းဆန် ၅ အိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၈ ပိဿာစသည့် လှူဒါန်းဖွယ် ထောက်ပံ့ပစ္စည်းများအား ပဓာနနာယကဆရာကြီး၊ ဒေါ်ရူပသိင်္ဂီထံသို့ ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
 

Post Paragraph