နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဟိုပန်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန် ၊ ဆီ ၊ ပဲများဆက်ကပ်လှူဒါန်း

ဖေဖော်ဝါရီ ၂၁ ရက်
    ရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်မြို့နယ်ရှိ ရှုခင်းသာထေရဝါဒ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်းခြင်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဟိုပန်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများက ဖေဖော်ဝါရီ ၂၁ ရက်တွင် သွားရောက်လှူဒါန်းကြောင်း သိရသည်။
    ထိုသို့ လှူဒါန်းရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းသည့် ဆန် ၃ အိတ် ၊ ဆီ ၁၀ ပိဿာ၊ ပဲ ၆ ပိဿာတို့ကို လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းမိသားစုများက သံဃာတော်များအား ဆက်ကပ်လှူဒါန်းသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆွမ်း အခက်အခဲ ဖြစ်ပေါ်နေသော ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ခရစ်ယာန်ကျောင်းများ၊ မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများ၊ အခြားဘာသာရေးကျောင်းများနှင့် ကိုဗစ်စင်တာများကို ဆန်၊ ဆီ၊ ပဲများ စဉ်ဆက်မပြတ် လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
 

Post Paragraph