နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်
               နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက် ၇ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် နှင့်ဇနီး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး နှင့်ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါး ကောင်ရေ ၁,၅၀၀ အား ဇီဝိတဒါန အဖြစ် မင်္ဂလာကန်တော်တွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြသည်။
               ထို့နောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားအား နံနက် ၉ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်း မိသားစုများရှိ အသက် ၇၅ နှစ်နှင့် အထက် အဘိုး ၉ ဦး၊ အဘွား ၁၃ ဦး စုစုပေါင်း ၂၂ ဦး အနက် တက်ရောက်နိုင်သူ အဘိုး၊ အဘွား ၈ ဦး အား ပြည်ထောင်စုဝန်ကြီး နှင့်ဇနီးတို့ ဦးဆောင်၍ မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာ နှင့်အညီ နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်း ပူဇော် ကန်တော့ခဲ့ကြပြီး ကန်တော့ခံ ဘိုးဘွားများ ကိုယ်စား အဘွား တစ်ဦးမှ ဆုတောင်းမေတ္တာစကား ပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် ဘိုးဘွား များအား ရင်းနှီးစွာ ဂါရဝပြုတွေ့ဆုံခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်း ရရှိသည်။

video-upload