နယ်စပ်ရေးရာဝန်ကြီးဌာနမှ မိုင်းပျဉ်းမြို့နယ်အတွင်း Solar စနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးခြင်းလုပ်ငန်း ဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ထောက်ပံ့ရန်ပုံငွေဖြင့် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်း မြို့နယ်၊ ဟောင်ကန် ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာနှင့် ဝမ်နောင် ကျေးရွာ အကြား ကွင်းအမှတ် ၇၊ ဝမ်မတ်ကွင်းအတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေး လုပ်ကွက်ပေါ်တွင် 2.4kW ဆိုလာ စနစ် တည်ဆောက်၍  1500W ရေပန့်  တပ်ဆင်ကာ ချောင်းရေတင်  စိုက်ပျိုးခြင်းလုပ်ငန်းအတွက် ဧပြီလမှစတင်၍ ၆'×၆'×၁၃' ကျောက်စီရေစုကန်နှင့် ၁၂'×၁၂'×၆' မြေသား ရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းများအား စတင်ဆောင်ရွက်လျက်ရှိပြီး ဧပြီလကုန်တွင် ဒေသခံတိုင်းရင်းသား တောင်သူများအား ၁၂လ ရာသီပတ်လုံး စိုက်ပျိုးရေ ပေးဝေနိုင်မည် ဖြစ်သည်။ 
    အဆိုပါ Solar စနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးခြင်းလုပ်ငန်းအား ဌာနနှင့် ဒေသခံတောင်သူ များ ပူးပေါင်း ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူ ၁၃ ဦး၏ စိုက်ပျိုးမြေ ၁၂ ဒသမ ၅၂ ဧကအား လွှမ်းခြုံအကျိုးပြုမည် ဖြစ်ပြီး မိုးစပါး၊ နွေစပါးနှင့် ရာသီသီးနှံများ စိုက်ပျိုးရာတွင် ကုန်ကျစရိတ် လျော့နည်းသက်သာခြင်း၊ ၁၂လ ရာသီ စိုက်ပျိုးနိုင်သည့်အတွက် တစ်ဖက်တစ်လမ်းမှ တောင်သူများ ဝင်ငွေပိုမိုတိုးတက်လာခြင်း အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

Post Paragraph