နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

နေပြည်တော်   အောက်တိုဘာ ၇

                 နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၄ ကျောင်းတို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဆင်းပွဲအား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ  မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပုသိမ်မြို့ သင်တန်းကျောင်းတို့တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကျိုင်းတုံမြို့ သင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ မောင်တောမြို့ သင်တန်းကျောင်းတွင် အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ဧရာဝတီတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကော့သောင်းမြို့ သင်တန်း ကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းတို့ တက်ရောက်ခဲ့ကြပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက် ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ  တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့သည်။

          အဆိုပါသင်တန်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါး သော ဒေသများမှ အမျိုးသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျရောင်းချပေးလျက်ရှိပါသည်။ သင်တန်းထူးချွန်ရရှိသူများ အား စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် အပ်ချုပ်စက် ၁ လုံးစီ ဆုချီးမြှင့် ပေးခဲ့ပါသည်။                                                  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၄ ကျောင်းတွင်၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့အထိ ရက်သတ္တ ၂၂ ပတ်ကြာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသူ ၇၆၄ ဦး တက်ရောက်ခဲ့သည်။ ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းကျောင်းများ စတင် ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ  သင်တန်းသူ စုစုပေါင်း ၉၄၂၃၂ ဦး သင်ကြားလေ့ကျင့် မွေးထုတ် ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph