နေပြည်တော် မေ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (လပွတ္တာ၊ ကျောက်ဖြူ) ၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းများနှင့် အောင်ပန်း၌ အဆင့်မြင့်မွမ်းမံသင်တန်း ဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းဆင်းပွဲများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပဆောင်ရွက် ခဲ့ရာ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ ကျောက်ဖြူမြို့ သင်တန်း ကျောင်းတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်တို့ အသီးသီးတက်ရောက်၍ သင်တန်းဖွင့်/ဆင်း အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ လပွတ္တာ၊ ကျောက်ဖြူ သင်တန်းကျောင်း ၂ ကျောင်း၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်း တို့တွင် သင်တန်းသား စုစုပေါင်း ၁၀၀ ဦးဖြင့် သင်တန်းကာလ ရက်သတ္တ ၂၂ ပတ်နှင့် အဆင့်မြင့်မွမ်းမံ သင်တန်းတွင် Electronic Fuel Injection-EFI သင်တန်းသား ၁၅ ဦး၊ Programmable Logic Controller-PLC သင်တန်းသား ၁၂ ဦး၊ Phone Advance သင်တန်းသား ၈ ဦး ပေါင်း ၃၅ ဦး တို့ဖြင့် ရက်သတ္တ ၂၂ ပတ်ကြာ သင်ကြားဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံး ပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသား ၄၀ ဦးတို့အား သင်တန်းဆင်း အောင်လက်မှတ်များ၊ ထူးချွန်ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းဆင်း ၄၀ ဦး အနက် ၂၅ ဦးအား တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ ချောင်းသာ၊ လောက်ကိုင်ဒေသများရှိ ဟိုတယ်များတွင် အလုပ်ခန့်အပ်ပေးနိုင်ခဲ့ပါသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် သင်တန်းသား/သူ စုစုပေါင်း ၆၂၇၇ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများ၌ သင်တန်းဖွင့်ပွဲ/ဆင်းပွဲများ ကျင်းပ
Post Paragraph
Paragraph Images