နယ်စပ်ရေးရာဝန်ကြီးဌာနရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)၌ သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်   ဩဂုတ်  ၁၁
        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)တွင် EFI (Electronic Fuel Injection)သင်တန်း၊ PLC(Programable Logic Controller)သင်တန်းနှင့် Phone Advance သင်တန်းများ ဆင်းပွဲအား ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါသင်တန်းကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
     EFIသင်တန်းတွင် သင်တန်းသား ၁၅ ဦး၊ PLC သင်တန်းတွင် သင်တန်းသား ၁၂ဦးနှင့် Phone Advance သင်တန်းတွင် သင်တန်းသား ၈ ဦး စုစုပေါင်း ၃၅ ဦးဖြင့် သင်တန်းကာလ ၃ လကြာ လက်တွေ့ခန်းသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ထောက်ပံ့ပေး၍ နေထိုင် စားသောက်ရေး အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းထူးချွန်ဆု ရရှိသူများနှင့် သင်တန်းသားများ အတွက် သင်တန်းဆင်းအောင်လက်မှတ်များအား အသီးသီးချီးမြှင့်ပေးခဲ့သည်။ 
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) တွင်  ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့အထိ ရက်သတ္တပတ် ၁၂ ပတ်ကြာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းကျောင်း စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ  ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများတွင် သင်တန်းသား ၁၃၅ ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း) တွင် သင်တန်းသား ၄၀ဦး စုစုပေါင်း ၁၇၅ ဦး သင်ကြားလေ့ကျင့် မွေးထုတ် ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph