ရန်ကုန်၊ ဒီဇင်ဘာ ၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ၁-၁၂-၂၀၂၃ ရက်နေ့ ၊ နံနက် ၀၉၀၀ နာရီအချိန်တွင် သင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့မှ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ကျောင်းသား ၊ ကျောင်းသူ ၃၃၄ ဦးအား ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့တွင် အကြီးတန်းစာရေးရာထူးများဖြင့် ခန့်အပ်ပေးခဲ့ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်မည့် အကြီးတန်းစာရေး ၆၄ ဦးအား လုပ်ငန်းခွင်အကြို သင်တန်းကို ၆-၁၁-၂၀၂၃ ရက်နေ့မှ ၁-၁၂-၂၀၂၃ ရက်နေ့အထိ ရက်သတ္တ ၄ ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ
Post Paragraph
Paragraph Images