နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒသုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ မေ လ  ၈  ရက်
    ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးဟောပြောပွဲ နှင့် လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ၅ နှစ်တာ အစီအမံများရေးဆွဲနိုင်ရေးအတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ      မူဝါဒ သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
 အဆိုပါ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ  မူဝါဒသုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ပြင်ပပညာရှင်များနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ကွန်ပျူတာနှင့် ဆိုက်ဘာ ကျွမ်းကျင်သူ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
    ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒသုံးသပ်ဆွေးနွေးပွဲအား မေလ ၈ ရက်နေ့မှ မေလ ၁၀ ရက်နေ့ အထိ ဆိုက်ဘာကျွမ်းကျင်သူ ပညာရှင်များ၏ ဆွေးနွေးမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကွန်ပျူတာ၊ ဆိုက်ဘာကျွမ်းကျင်သူ အရာထမ်း၊ အမှုထမ်းများ၏ အပြန်အလှန် အတွေ့အကြုံဖလှယ် သုံးသပ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။