ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ပခုက္ကူ ဇူလိုင် ၂၀
    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး‌ရေးသင်တန်းကျောင်း၌ ဇူလိုင်လ ၂၀ ရက်တွင် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
    ဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်‌ရေးဦးစီးဌာန(ပခုက္ကူခရိုင်ရုံး) လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းက အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်မျိုးအောင် က မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းများ၊ အရေးပေါ်မီးငြိမ်းသတ်နည်းများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဟောပြောဆွေးနွေးပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုဝင်း က သဘာဝဘေးအန္တရာယ်ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ဘေးအန္တရာယ်အမျိုးအစားများအလိုက် ဖြစ်ပွားစဉ်နှင့်ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဘေးအန္တရာယ်ဖြစ်ပွားမှု လျော့နည်းစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် သတိပေး ထုတ်ပြန်ချက်များကို အသိပညာပေး ရှင်းလင်းပြောကြားကြသည်။ 
    အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပခုက္ကူမြို့နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသူများတက်ရောက်ကြပြီး မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အရေးပေါ် မီးငြိမ်းသတ်နည်း လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
 

Post Paragraph