ပခုက္ကူမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်းပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၇ ရက်တွင် အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။

          သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းတွင် ပို့ချပေးခဲ့ သည့် စက်ချုပ်နည်းပညာများ၊ သင်တန်းစည်းမျဉ်းစည်းကမ်းများ၊ ဖွင့်လှစ်ပြီးစီးသည့် သင်တန်းအမျိုးအစား များ၊ သင်တန်းပြီးမြောက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေကြသူများအကြောင်းကို ရှင်းလင်းပြောကြား သည်။

          ဆက်လက်၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြပြီး သင်တန်းသူများအား တွေ့ဆုံ အားပေးစကားပြောကြသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသူများကိုယ်တိုင် ဖန်တီးပုံဖော်ချုပ် လုပ်ထားသည့် အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်း ဒီဇိုင်းမျိုးစုံကို လိုက်လံကြည့်ရှုအားပေးကြသည်။

          အဆိုပါသင်တန်းတွင် သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေ ၉ ရက်နေ့မှ အောက်တိုဘာ ၇ ရက်အထိ ငါးလကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။