ပင်းတယ၊ ဖေဖော်ဝါရီလ ၂၁ ရက်
ကျေးရွာ၌ လူမှုရေး၊ စီးပွားရေး၊ ပညာရေးများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ညောင်ဝန်းကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာရှိ အိမ်ထောင်စုများအတွက် ဆိုလာအစုံ ၅၀ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အမှာစကားပြောကြားပြီး ဓနုဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းများက ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပုံကို ရှင်းလင်းပြသသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှူဒါန်းသောဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ကျေးရွာ တာဝန်ရှိသူများအား ပေးအပ်သည်။ ထို့နောက် ကျေးရွာနေပြည်သူများအား မဲစနစ်ဖြင့် ပြုလုပ်ပေးကာ ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ကြောင်း သိရသည်။
ပင်းတယမြို့နယ် ပိန္နဲကုန်းကျေးရွာသို့ ဆိုလာနှင့် ဆက်စပ်ပစ္စည်း အစုံ ၅၀ ပေးအပ်လှူဒါန်း
Post Paragraph
Paragraph Images