နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ဘန်ဂလားကျေးရွာ အုပ်စု၊ ပြည်ထောင်စုလမ်းမနှင့် ရေနောက်ချောင်း-ဟင်းလိုင်းကျေးရွာချင်းဆက် မြေသားလမ်း ပေါ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၁၂ ဒသမ ၇၉၆ သန်းဖြင့် ကျောက်ခင်းခြင်း လုပ်ငန်း ၁/၀ မိုင်အား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ အဆိုပါလမ်းပိုင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ မြေသားလမ်း ၄/၆ မိုင်၊ Box Culvert ၁၂ စင်း၊ ကွန်ကရစ်တံတား တစ်စင်းနှင့် ကျောက်စီမြေထိန်းနံရံ ပေ ၂၀၀ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။