ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်မည့်သင်တန်းသား၊ သင်တန်းသူများအား လေယာဉ်ဖြင့် ပို့ဆောင်

လွိုင်ကော်၊ နိုဝင်ဘာလ ၈ ရက်
    ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများကို နိုဝင်ဘာလ (၈) ရက်နေ့ မနက်ပိုင်းတွင် လွိုင်ကော်လေဆိပ်၌ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ပါသည်။
    ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေနှင့် တာဝန်ရှိသူများက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ (၁၃)ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်)သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ (၂၇)ဦးတို့အား လွိုင်ကော် လေဆိပ်တွင် တွေ့ဆုံအားပေး စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိပါသည်။ 


ကယားပြည်နယ်အစိုးရအဖွဲ့
 

Post Paragraph