ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့တွင် တက်ရောက်ခွင့်ရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ထောက်ပံ့ကြေးပေးအပ်

ဘားအံ၊ နိုဝင်ဘာလ ၉ ရက်
    ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်းအမှတ်စဉ်(၁၀)သို့ တက်ရောက်မည့်သူ၁၁ဦးနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ပထမနှစ်သင်တန်းတက် ရောက် မည့်သူ ၁၆ ဦး စုစုပေါင်း၂၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၄၄၀၀၀၀(တစ်ဆယ့်လေးသိန်းလေး သောင်းကျပ်)ကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
    ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့က အဆိုပါ သင်တန်းသား၊သင်တန်းသူများကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံအမှာစကားပြောကြားပြီး ထိုသို့ထောက်ပံ့ ကြေးများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
    ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသတွင်းစက်မှုလုပ်ငန်းများထူထောင်ရာတွင် ကျွမ်းကျင် လုပ်သားများပေါ်ထွက်လာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍ လူနေမှုအဆင့် အတန်းမြှင့်မား လာစေရန်ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနနှင့် Sustainabridge(SB)တို့ပူးပေါင်းဖွင့်လှစ်သော သင်တန်းများဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
    ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနပြည်နယ်ဦးစီးမှူးက သင်တန်းဆိုင်ရာအချက် အလက်များကိုရှင်းလင်းတင်ပြပြီးပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
    သင်တန်းများတွင် ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၃)၌ သင်တန်းသား ၁၀ ဦး၊ လျှပ်စစ်သင်တန်း အမှတ်စဉ် (၁၃)၌ သင်တန်းသား/သင်တန်းသူ ၁၅ ဦး၊ မော်တော်ယာဉ်/စက်ပြင် သင်တန်းအမှတ်စဉ်(၁၂)၌ သင်တန်းသား ၂၀ ဦး နှင့်ဂဟေသင်တန်းအမှတ်စဉ်(၁၁)၌ သင်တန်းသား ၁၅ဦးစုစုပေါင်း သင်တန်းသား/သူ၆၀ဦး တက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ ရက်သတ္တပတ် ၂၂ ပတ်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်တန်းများအပြီးတွင် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    မွန်းလွဲပိုင်းတွင် နိုင်ငံစီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီ၏(၁၀/၂၀၂၂) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ရယူသုံးစွဲ နိုင်ရေးတင်ပြလာသည့် စီးပွားရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာသည့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြကာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်ကြသော ခရိုင်ဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးများကနိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မိုးစပါးအပြီးတွင် နေကြာ၊ပဲတီစိမ်းသီးနှံများ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်နေမှုအခြေအနေ၊ ဒေသတွင်း အခြားသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
    ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနင့်၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာအကြီးအကဲများသည် (၆၇)နှစ် မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင့်ရိုးရာယဉ်ကျေးမှုဒုံး အကပြိုင်ပွဲ(စတုတ္ထည) ဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
 

Post Paragraph