နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်နှင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်ဝက်သင်တန်းများ၏ ဖွင့်ပွဲအခမ်းအနားကို ၁၂-၅-၂၀၂၂ ရက် ကြာသပတေးနေ့ နံနက် ၁၀ : ၀၀ နာရီ တွင် ဒီဂရီ ကောလိပ်၊ ရန်ကုန်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ ပေးအပ်သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကတိသစ္စာ တိုင်တည်ပြီး သစ္စာအဓိဌာန် ရွတ်ဆို သည်။
အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။