ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် ပြေးခုန်ပစ်အားကစားနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ ၂၀ ရက်
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ပြေးခုန်ပစ် အားကစားလောက တိုးတက်မြင့်မားစေရန်၊ မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်များ ပြေးခုန်ပစ် အားကစား အသိပညာများတိုးတက်လာစေရန်၊ အရည်အချင်းပြည့်ဝသည့် လူငယ်ပြေးခုန်ပစ်နည်းပြများ၊ ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် အားကစားနည်းအလိုက် ပြေးခုန်ပစ်နည်းပြဆရာများ၊ ဒိုင်လူကြီးများ၊ ဒိုင်သင်တန်း ပို့ချမည့်ဆရာများက ပြေးခုန်ပစ်အားကစားနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ကျောင်းဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph