ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဖွင့်ပွဲအခမ်းအနားနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၂၃
    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဖွင့်ပွဲအခမ်းအနား နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း ၀၉း၃၀ အချိန်တွင် ဒီဂရီကောလိပ်၊ စစ်ကိုင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
    အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ကြီးနှင့် စီမံ၊ လေ့ကျင့်၊ သင်ကြား အရာထမ်း၊ အမှုထမ်း ၂၀၀ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၁၉၁ ဦး စုစုပေါင်း ၁၃၉၁ ဦးတို့ တက်ရောက်ကြပြီး ကျောင်းအုပ်ကြီးက ကျောင်းသား၊ ကျောင်းသူများအား သင်ကြားရေးဆိုင်ရာများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ပြောကြားခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူး(စီမံ)က ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာ နှင့် အဝတ်အစား၊ အိပ်ရာပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျင်းပခဲ့သည့် ဉာဏ်စမ်း ပဟေဠိ၊ လူငယ်စကားဝိုင်း၊ စာဖတ်စွမ်းရည်၊ ကျပန်းစကား ပြောနှင့် အင်္ဂလိပ်စကားပြောစွမ်းရည် ပြိုင်ပွဲများ၌ ဆုရရှိသူများကို ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
 

Post Paragraph