ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ပဉ္စမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန်၊ သြဂုတ်လ (၂၉)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၏ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကို အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး အမျိုးသားသွေးဌာနမှ ဒေါက်တာ ရဲဇာနည်ဝင်း (အထူးကုဆရာဝန်ကြီး) ရောဂါဗေဒနှင့် ဒေါက်တာခင်ချိုလင်း (အထူးကုဆရာဝန်) အဏုဇီဝနှင့်သူနာပြုများ၊ အကူသူနာပြုများ၊ ဓါတ်ခွဲကျွမ်းကျင်ဝန်ထမ်းများက သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ကြသည်။ ဆရာ/ဆရာမနှင့် ဝန်ထမ်း  ၆၁ ဦး၊ ကျောင်းသား/သူ ၄၀ ဦး စုစုပေါင်း ၁၀၁ ဦးတို့ သွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 
 

Post Paragraph