ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ ထမနဲထိုးပြိုင်ပွဲကျင်းပ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်က ပင်မဆောင်အနီး မြေကွက်လပ်၌ ကျင်းပသည်။ 
   အခမ်းအနားသို့ အဆိုပါကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 
အဆိုပါထမနဲထိုးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ အဖွဲ့ရှစ်ဖွဲ့ခွဲကာ ပါဝင်ယှဉ်ပြိုင်ကြပြီး အားပေးသူ ကျောင်းသား၊ ကျောင်းသူများက စည်းလုံးညီညွတ်ရေး သံချပ်များထိုးကာ ပျော်ရွှင် တက်ကြွစွာ အားပေးကြသည်။
   ပြိုင်ပွဲအပြီးတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသော အဖွဲ့များကို ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အဆောင်အသီးသီးမှ ခင်းကျင်းပြသထားသည့် ဒေသထွက်စားဖွယ်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေး ကြသည်။
   အဆိုပါကောလိပ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းရင်းသားလူငယ် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၁၈၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
 

Post Paragraph