နေပြည်တော် နိုဝင်ဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရိုဟေး အား ယနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့အကြား မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဘက်စုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်းနှင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြား ခြင်းစီမံကိန်းတို့၏ အောင်မြင် ဖြစ်ထွန်းမှုအခြေအနေများ၊ ထပ်မံ၍ အဆိုပါစီမံကိန်းများအား ဆက်လက် တိုးမြှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် MoU အသစ် ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းပို့ချခြင်း စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်မှုလက်မှုသင်တန်း စီမံကိန်းများအား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းများ ဆောက်လုပ်ရေး စီမံကိန်းအရ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ ရိုဟေး အား လက်ခံတွေ့ဆုံ
video-upload