နေပြည်တော် စက်တင်ဘာလ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်သို့ ရောက်ရှိခဲ့ပြီး ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပြင်ရွာကျေးရွာမှ လပွတ်ကုလားကျေးရွာသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ၁ မိုင် ဖောက်လုပ်ပြီးစီးမှုနှင့် အဆိုပါ လမ်းပိုင်းတွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ၁ မိုင် ၀.၄ ဖာလုံ ဆက်လက်ဖောက်လုပ်မည့် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူ တစ်ဦးက လမ်းဖောက်လုပ် ပြီးစီးမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ယခု ဖောက်လုပ်ပေးခဲ့သော လမ်းပိုင်းသည် ဒေသခံလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်သဖြင့် လမ်းရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်သွားကြရန်မှာကြား၍ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သမိုင်းဝင် ကျိုက်မောင်း စေတီတော်အား ဖူးမြော်၍ သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှ တိုင်းဦးစီးမှူးနှင့် နည်းပြများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြား၍ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ကာ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူများ ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ စာကြည့်တိုက်၊ လက်တွေ့သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ စတိုဆောင်၊ မော်တာဆောင်နှင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် တည်ဆောက် ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် လပွတ္တာမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သင်တန်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသားများ၏ အလုပ်အကိုင်ရရှိမှု၊ တစ်နေ့တာ လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ လက်ကိုင်ဖုန်းပြင် သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေး သင်တန်းများတွင် လက်တွေ့ သင်ကြားနေမှုအား လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများအား ခေတ်မီသင်ထောက်ကူပစ္စည်းများ ဖြည့်တင်းသင်ကြား ပေးသွားရန်နှင့် သင်တန်းပြီးဆုံးချိန်တွင် အလုပ်အကိုင်ရရှိရေး တစ်ဆက်တည်း ဖန်တီးဖော်ဆောင်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းသားများ လက်တွေ့ဆောင်ရွက်ထားသည့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ သင်တန်းကျောင်းဝန်းအတွင်း သင်တန်းသား စားသောက် နေထိုင်မှုအခြေအနေ၊ စာကြည့်တိုက်၊ မိုးရေစုကန်အတွင်း မိုးရေသိုလှောင်ထားရှိမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေး လုပ်ငန်းများအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ယင်းနောက် လပွတ္တာမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းသို့ ထွက်ခွာ၍ သင်တန်းကျောင်းခန်းမ၌ ကျောင်းအုပ်များက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ သင်တန်းကျောင်း ၂ ကျောင်းမှ ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြား၍ ချီးမြှင့်ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (လပွတ္တာ) ၌ သင်တန်းသူများ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ စာကြည့်တိုက်၊ သင်တန်းသူများ လက်တွေ့ သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ စတိုဆောင်၊ မော်တာဆောင် နှင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းဆင်းပြီးချိန်၌ သင်တန်းသူများ အလုပ်အကိုင် ရရှိရေးအတွက် တာဝန်ရှိသူများအား ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images
video-upload