ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ ရက်
    ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အဆင့်ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ကြသည်။
    ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့် ကော်မတီအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ နှင့်ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအဆင့်လုပ်ငန်း ကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့်ကော်မတီများ ဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
     IDP စခန်းများအား စိစစ်လေ့လာသုံးသပ်၍ အကြံပြုချက်များ ဖော်ထုတ်တင်ပြ ရေးအဖွဲ့ကိုလည်း ဖွဲ့စည်း၍ ကွင်းဆင်းဆောင်ရွက်ထားပြီးဖြစ်သဖြင့် IDP စခန်းများအလိုက် ရောက်ရှိနေထိုင်နေကြသူများ၏ ရပ်တည်နေထိုင်မှုကို စိစစ်လေ့လာပြီး စခန်းများ ပိတ်သိမ်း နိုင်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြရန်နှင့် အားလုံးပါဝင်ဆွေးနွေးပေးကြ ပါရန် တိုက်တွန်းလိုပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာချထားရေး အတွက် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ဆဲ တည်ဆောက်‌ရေးလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်သွားကြရန်နှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ထပ်မံဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများအလိုက် ရန်ပုံငွေထည့်သွင်းလျာထား ဆောင်ရွက်သွား ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ 
    အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို အားလုံးပူးပေါင်းပါဝင်၍ တက်ကြွစွာဆောင်ရွက်ခဲ့ကြသဖြင့် ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကုန် အထိကာလအတွင်း အိမ်ထောင်စု ၁၆,၇၇၃ စု၊ လူဦးရေ ၇၂,၇၇၁ ဦးတို့ကို မူလနေရာများသို့ ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး IDP နှင့်တိုက်ပွဲရှောင်စခန်း ၁၇၀ ခုကို ပိတ်သိမ်းနိုင်ခဲ့ပါ ကြောင်း။
    ပြည်တွင်းနေရပ်စွန့်ခွာသူများကို မူလနေရပ်အပါအဝင် ပြန်လည်နေရာချထား သည့် ဒေသများတွင် အမှီအခိုကင်း၍အဆင်ပြေစွာရပ်တည်နေထိုင်နိုင်စေရန် စီမံဆောင်ရွက် ပေးခြင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက် ပေးခြင်းတို့ဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကို လျော့နည်းပပျောက် စေနိုင်သကဲ့သို့ ဒေသတွင်းဖွံ့ဖြိုးရေး အစီအစဉ်များ ဖော်ဆောင်နိုင်ရန်အတွက်လည်းများစွာ အထောက်အကူပြုမည်ဖြစ်သဖြင့် လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများ အားလုံး အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီထိရောက် ပီပြင်စွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
    ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာ များထောက်ပံ့ပေးနေမှုအခြေအနေ၊ IDP Camp များနှင့် တိုက်ပွဲရှောင်စခန်းများတွင် အချက်အလက်ကောက်ယူခြင်းနှင့် လူမှုရေးဆိုင်ရာပံ့ပိုးမှုအခြေအနေ၊ ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းနိုင်ရေးအတွက်ထောက်ပံ့ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံသွားမည့် အစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ နှင့် မူလနေရပ်သို့ ပြန်လည်နေထိုင်လိုသူများအတွက် လတ်တလောလိုအပ်သည်များကို ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 
    ထို့နောက် အမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လုပ်ငန်းကော်မတီများနှင့် ပြည် နယ်အဆင့်ကော်မတီများအနေဖြင့် (၂/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့်ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။
    ယင်းနောက် IDP စခန်းများအား လေ့လာသုံးသပ်၍ အကြုံပြုချက်များဖော်ထုတ် တင်ပြရေးအဖွဲ့ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDP စခန်းများတွင် နေထိုင်ကြသူများ၏ ရပ်တည် နေထိုင်မှုများအပေါ် ကွင်းဆင်းစိစစ်လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကိုရှင်းလင်း တင်ပြသည်။
    ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားအဆင့်ကော်မတီ ဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူတို့က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။ (သတင်းစဉ်)
 

video-upload