ရေဖြူမြို့နယ်၊ အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘို ကျေးရွာချင်းဆက်မြေသားလမ်း ၁၅/၀ မိုင်အနက် ၈/၀ မိုင် အမာခံခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘို ကျေးရွာချင်းဆက်မြေသားလမ်း ၁၅/၀ မိုင်အနက် ၈/၀ မိုင် အမာခံခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
    မြေသားလမ်း အမာခံခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ခွင့်ပြုရန်ပုံငွေကျပ် ၂၄၃ ဒသမ ၀၃၂ သန်းဖြင့် May Tectonic ကုမ္ပဏီ မှ တင်ဒါအောင်မြင်ပြီး ၎င်းလမ်းပေါ်ရှိ ၁၀ ပေ Box Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း သည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
    အဆိုပါလမ်းပေါ်ရှိ ကျေးရွာသုံးရွာ၊ အိမ်ခြေ ၄၈၄ အိမ်၊ လူဦးရေ ၂၆၀၇ ဦးတို့အတွက် များစွာ အကျိုးပြုသည့်လမ်းပိုင်းဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်းသိရသည်။
 

Post Paragraph