ရေဖြူမြို့နယ် အိန္ဒရာဇာ-ဆင့်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် အိန္ဒရာဇာ-ဆင့်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံလမ်း ၁၅/၀ မိုင်ပေါ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၂၅ ဒသမ သန်းဖြင့် ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ‌အောက်ခံကျောက်အပါ ၀/၆ မိုင်လုပ်ငန်းအား သတ်မှတ် စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါလမ်းပိုင်းကို ကွန်ကရစ်လမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ပေးခြင်းကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် မြို့ပြနှင့် ကျေးလက်ဒေသ ချိတ်ဆက်သောလမ်းဖြစ်သဖြင့် လမ်းကြောင်းပေါ်ရှိ ကျေးရွာခုနှစ်ရွာနှင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
 

Post Paragraph