ရေဖြူမြို့နယ်၌ ကျေးရွာချင်းဆက်မြေသားလမ်း ၄/၆ ဖောက်လုပ်မှု ၇၀ ရာခိုင်နှုန်းကျော် ပြီးစီး

ရေဖြူ၊ ဇန်နဝါရီလ ၂၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၂၉ ဒသမ ၃၉၀ အကုန်ကျခံကာ ချိုးခေါနူးကုမ္ပဏီကတင်ဒါအောင်မြင်ပြီး ၂၀၂၂ခုနှစ် ဇွန်လတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
    ယခုအခါ ရေဖြူမြို့နယ် သဲချောင်းကျေးရွာအုပ်စု ကင်းတောင် (ကူးတို့တော) ပသျှူးရေ ကျေးရွာချင်းဆက်မြေသားလမ်း ၄/၆ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် ၅ပေ Box Culvert လေးစင်းတည်ဆောက်ခြင်း လုပ်ငန်းတို့သည် လက်ရှိတွင် လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
 

Post Paragraph