ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း တောင်ပေါ်ဒေသကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တောင်ပေါ် ဒေသကျေးရွာများရှိ နယ်စပ်ဒေသနေပြည်သူများ ဒေသတစ်ခုနှင့်တစ်ခု သွားလာရေးလွယ်ကူ မြန်ဆန်စေရေးအတွက် တောင်ပေါ်ဒေသကျေးရွာများအား ကျေးရွာချင်းဆက်လမ်းများ အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။
    တောင်ပေါ်ဒေသကျေးရွာချင်းဆက်လမ်းများအနက် ကွတ်ခိုင်မြို့နယ်၊ မုံးစီး - မုံးပေါ်လေး မြေသားလမ်း( ၁၇ / ၀ )မိုင်လမ်းပေါ်တွင် နယ်စပ်ဒေသရှိ တောင်ပေါ်ကျေးရွာများမှ တိုင်းရင်းသား ပြည်သူများ တစ်နေရာနှင့်တစ်နေရာသို့ အချိန်မရွေး ရာသီမရွေး သွားလာရေးလွယ်ကူမြန်ဆန် စေရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြု  ရန်ပုံငွေကျပ်( ၁၄၅ . ၉၄၀ )သန်းဖြင့် ဗြုန်းကျောက်ခင်းခြင်း( ၅/၀)မိုင်အား ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းခွင်သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာဝင်းနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချိန်အတွင်း သတ်မှတ် စံချိန်စံညွှန်းများအနှင့်အညီ အချိန်မီပြီးစီးရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။