ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

    နယ်စပ်‌ရေးရာဝန်ကြီးဌာနသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်ကောင်း (မိုင်းယန်း)မှ ဟိုခို(ဂျာယန်) ကျောက်လမ်း ၁၂/၀ မိုင်အား နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကတ္တရာ လမ်း ၁၁/၀ မိုင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း တစ်မိုင်ကိုလည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၀၄ ဒသမ ၉၅၃ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
    အဆိုပါ ကျောက်လမ်း ၁၂/၀ မိုင်အား ယခုလာမည့်ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် အပြီး သတ် ဆောင်ရွက်‌ပေးမည်ဖြစ်သောကြောင့် ယင်းလမ်းပေါ်ရှိ တောင်ပေါ်ဒေသ‌ကျေးရွာ ခြောက်ရွာမှ ဒေသခံတိုင်းရင်းသားများ ရာသီမရွေး လားရှိုးနှင့် သိန္နီမြို့များမှတစ်ဆင့် လိုရာခရီးသို့ လွယ်လင့်တကူ သွားလာနိုင်တော့မည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။ 

Post Paragraph