ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီး‌ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မေ ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီး‌ ကျောင်းများသို့ ဆွမ်းဆန်တော်များ အခက်အခဲမရှိစေရေးအတွက် စဉ်ဆက်မပြတ် ဆက်ကပ် လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိန်းနှင့် ဝန်ထမ်းများက ကျောက်မဲမြို့နယ် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
    
 

Post Paragraph