ရှမ်းပြည်နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေအတွင်းရှိ ရှမ်း၊ “ဝ”၊ ကိုးကန့်နှင့် ပလောင်ဒေသများတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
    ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များမှာ မြေလမ်း ၂၅ မိုင်၊ အမာခံဖြုန်းကျောက်ခင်းခြင်း ၁၈ မိုင်၊ ကျောက်လမ်း ၂ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်း ၇ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်တံတားကြီး/သေး ၃ စင်း၊ ချောင်းရေကျော် ၁ ခု၊ Box Culvert အစင်း ၁၅၀ နှင့် စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း/ သီလရှင် ကျောင်း ၄ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။