ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုပုံး ဇွန် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုရန်ပုံငွေ ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် စပ်တော-နောင်ဒေးလမ်း (၁၂/၀)မိုင်အနက် (၂/၀)မိုင် ကျောက်ခင်းပြီး ကျန်(၁၀/၀)မိုင်မှ (၂/၀)မိုင် ကျောက်ခင်းခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မိုင်းပျဉ်းကျေးရွာအုပ်စု ဆော်တောကျေးရွာမှ မောက်မွန်းကျေးရွာ အုပ်စု ပါယဉ်ကျေးရွာထိ ကျေးရွာချင်းဆက်လမ်း (၇/၀)မိုင်အနက် (၂/၀) မိုင် မြေလမ်းဖောက်လုပ်ခြင်း၊ မောက်မွန်းကျေးရွာအုပ်စု ကန်တရား - ပူခမ်း - ပန်းယဉ်-မှဲ့တချောင်ကျေးရွာ ချင်းဆက်လမ်း (၇/၀)မိုင် အနက် (၃/၄)မိုင် မြေလမ်းဖောက်လုပ်ခြင်း လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်