ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မေ ၁၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြဝတီမင်းကြီး (၁) လမ်း၊ (၅၁) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ပညာရာမ ပရိယတ္တိစာသင်တိုက်တွင် ရဟန်း၊ သံဃာတော်များနှင့် စာသင်သားသာမဏေများအတွက် ဆွမ်း ဆန်တော်နှင့် ဆီများကို ဆက်ကပ်လှူဒါန်းကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် ဆွမ်း၊ ကွမ်းအခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
 

Post Paragraph