သီပေါမြို့နယ် နမ့်အွန်ညုကျေးရွာ မူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

သီပေါ ဩဂုတ် ၆ ရက်
    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့နှင့် ဒေသခံကျေးလက်ပြည်သူများ ပူးပေါင်းဆောက်လုပ်သော စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်း က သီပေါမြို့နယ် နမ့်အွန်ညုကျေးရွာ မူလတန်းကျောင်းဆောင်သစ်၌ ကျင်းပသည်။
    အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်‌‌ရေးဦးစီး ဌာန နိပွန်ဖောင်ဒေးရှင်းအမှုဆောင် ဒါရိုက်တာ ဦးတင်လေးနှင့် မြို့နယ်ပညာရေးမှူး ဦးထိန်လင်းတို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးပြတ် ဖွင့်လှစ်ပေးသည်။
    ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြား၍ ကျောင်းဆောင် သစ်နှင့် စာရွက်စာတမ်းများကို ကျောင်းဆောက်လုပ်‌ရေး တာဝန်ခံက မြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေအပ်ပြီး ပညာရေးငွေ ပဒေသာပင်စိုက်ထူရန် ငွေကျပ်သိန်း ၁၂၀ ကို ကျေးရွာ တာဝန်ရှိသူများနှင့် ကျောင်းအကျိုးဆောင် ဥက္ကဋ္ဌထံသို့ ပေးအပ်သည်။
    အဆိုပါ ကျောင်းဆောင်သစ်ကို တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဂျပန်နိုင်ငံ နိပွန်‌ဖောင်ဒေးရှင်းအဖွဲ့မှ ပံ့ပိုးငွေကျပ်သိန်း ၅၆၅၈၄၄၀၀ နှင့် ဒေသခံပြည်သူ ထည့်ဝင်ငွေကျပ်သိန်း ၁၂၀၄၆၉၄၀ စုစုပေါင်း ငွေကျပ်သိန်း ၆၈၆၃၁၃၄၀ ဖြင့် တည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။

Post Paragraph