သထုံမြို့နယ်၊ မရမ်းကုန်း-ထိန်ပင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

သထုံ၊ ဇန်နဝါရီလ ၂၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းတံတားလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်း-ထိန်ပင်လမ်း အရှည် ၅ မိုင် အနက် ကျန်ရှိသော ၁ မိုင် ၄ ဖာလုံ အပြီးသတ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ်၃၃၅ ဒသမ ၉၉၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
    အဆိုပါလမ်းမှာ ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး သထုံခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် အဖွဲ့က ယနေ့နံနက်ပိုင်း တွင် ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။

Post Paragraph