ထားဝယ် မေ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကတနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း/ကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်း များသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ မေ ၂၉ ရက်က ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင် ရပ်ကွက်၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ် လှူဒါန်းကြောင်းသိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်) မှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင် နှင့် ဝန်ထမ်းများက ဇေယျဝတီဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် ခြောက်အိတ်၊ ဆီ ၁၅ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ စသည့်တို့ကို နာယဆရာတော်ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
Post Paragraph
Paragraph Images