နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ချင်းပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ သံဃာတော်များနှင့် သီလရှင်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း အခက်အခဲ အဆင်ပြေစေရေး အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ချင်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဟားခါး) ကွပ်ကဲမှုအောက်ရှိ တီးတိန်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကိမ်ငိုက်ဗုံနှင့် ဝန်ထမ်းများက ယမန်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့ တောင်တန်းသာသနာပြုဗဟို ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။